ချစ်သူ..
ကြယ်ကြွေတွေကို ငေးကြည့်ရင်း
လေထဲတိုက်ဆောက်ခဲ့သူက
ငါတဲ့လား..။
လူတွေက
လက်ညိုးတွေနဲ့
ဝိုင်းထိုးကြတယ်..
မင်းက အချစ်အတွက်
သိပ်ရူးတဲ့ ကောင်တဲ့..။
တကယ်ဆို..
ငါ့က အချစ်ကို စပြီးကိုးကွယ်ခဲ့တာ မဟုတ်ဘူး
နှလုံးသားရဲ့ တောင်းဆိုချက်အောက်မှာ
အချစ်က ငါ့အတွက် ကိုးကွယ်စရာဖြစ်ခဲ့တာလေ..
စကားလုံးတွေနဲ့
မနီးစပ်နိုင်မှန်းတော့သိတယ်..
ဒါဆို
ဒီရင်ခုန်သံတွေကို
ဘယ်လို ထိန်းရမလဲ..။
ငါ့မှာ
စိတ်ကူးတွေရှိတယ်
အိမ်မက်တွေရှိတယ်..
မ၀ံ့မရဲ မျှော်လင့်ချက်တွေလဲ ရှိပါတယ်..
ဒီလိုနဲ့
နင့်အပေါ် သိပ်ချစ်မိတဲ့
ငါ့နှလုံးသားကို
နောက်ဆုတ်လို့ မရဘူးဆိုတာ
ငါယုံကြည်မိတဲ့နောက်မှာ..
ကြယ်ကြွေတွေကို ငေးကြည့်ရင်း
လေထဲတိုက်ဆောက်ခဲ့သူက
ငါလားဟာ...။
(လွမ်းဝေ)
No comments:
Post a Comment