လာရောက်လည်ပတ်သူအပေါင်းပျော်ရွှင်ကြပါစေ
Wednesday, April 25, 2012
ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ နောက်ပြောင်တာတွေရှိရတယ်။
ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ လျှို့ဝှက်ချက်တွေပြောခွင့်ရတယ်
မဆက်သွယ်တာကြာတိုင်း ငါတို့ ဝေးကွာသွားတာ မဟုတ်ပါဘူး။
သတင်းတွေမကြားတိုင်း ငါတို့ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။
သူငယ်ချင်းဖြစ်ပြီဆိုတာနဲ့ ငါတို့မှာ အကွာအဝေးမရှိခဲ့တော့ဘူး။
နှလုံးသားမှာ သူငယ်ချင်းဆိုတဲ့သစ်ပင်ကို အမြစ်တွယ်အောင် စိုက်ခဲ့ပြီမို့ပါ။
တကယ်တော့ သူငယ်ချင်းဆိုတာ ဒီလိုပါပဲ...
မေ့သွားတယ်ဆိုတာမရှိခဲ့လို့ သတိရစရာလည်း မလိုခဲ့ပါဘူး..
ငါတို့ဟာ သူငယ်ချင်းပါ
တစ်သက်မပြောင်းတဲ့ ခင်မင်ရင်းနှီးမှုနဲ့ အချင်းချင်းတန်ဖိုးထားရမှာ...
အချစ်ဆိုတာ ♥ ♥ ♥
အချစ်ဆိုတာ ဂုဏ်ပကာသနတစ်ခုမဟုတ်ဘူး
ဒါကြောင့် လူတွေရှေ့မှာ ထုတ်ပြကြွားဝါစရာမလိုဘူး
အချစ်ဆိုတာ လှပတဲ့အင်္ကျီတစ်ထည်မဟုတ်ဘူး
ဒါကြောင့် အပြင်ဝတ်ထွက်ပြီး လှည့်လည်ပြသစရာမလိုဘူး
အချစ်ဆိုတာ ပေးအပ်ခံရတဲ့ တာဝန်တစ်ရပ်မဟုတ်ဘူး
ဒါကြောင့် အကောင်းဆုံးလုပ်ပါမယ်လို့ ဝန်ခံကတိပြုစရာမလိုဘူး
အချစ်က သင်နဲ့ တခြားလူတစ်ယောက်ရဲ့ကိစ္စပါ
သင်တို့ ပျော် မပျော်
သင်တို့မိသားစု ချမ်းမြေ့ မချမ်းမြေ့
သင်တို့နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်....
ဒီစာလေးလိုဘဲအချစ်ဆိုတာ၂ယောက်ထဲသိတဲ့ ကိစ္စပါ
ဘယ်သူမှသိစရာမလိုပါဘူး
လက်ထပ်ခြင်းကလည်းချစ်ခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်ဆိုရင်
လက်မထပ်နိုင်ဘဲချစ်နေကြတဲ့ ချစ်သူတွေရှိတယ်ဆိုတာ
ဘယ်သူကဘာပြောနိုင်မှာလဲ.......
တကယ်တော့ချစ်သူရယ်
တစ်ဦးရင်ထဲတဦးရှိတရ်ဆိုတာ
တယောက်နဲ့ တယောက်ယုံကြည်ထားရင်
ရင်ထဲဒီအသိလေးရှိရင်ကျေနပ်နေပါပီလေ။
Wednesday, March 7, 2012
နင့်လှည့်စားမှုအောက်မှာငါအခါခါသေဆုံးခဲ့ ပီးသားလေ
 (7.3.2012) တပေါင်းလပြည့်နေ့
ကြည်နူးရတာ၁မိနစ်ဆို
ကြေကွဲရတာ၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
၁၁၁၁၁၁၁၁၁၁၁၁၁၁၁ခါပေါ့
ဟဟဟဟဟဟ
လုပ်ထားပေါ့ကွာ
၁၀၁ကြိမ်မြောက်အမှတ်မရှိတဲ့ အသည်းနှလုံးကရင်နာနာနဲ့ ကြိုနေမိဦးမှာဘဲ
နင့်ဖောတွေအောက်မှာပေါ့
ငါ့အလှည့်ကျနမှနင်မငိုမိအောင်လေ့ကျင့်ထားလိုက်ဟုတ်ပီလား
ပိုးစိုးပက်စက်ချစ်ခဲ့ လို့ 
ရက်ရက်စက်စက်ငါ့ရင်ကိုခွဲနေတာ
နင်ပင်ပန်းနေပါဦးမယ်
လုပ်မနေနဲ့ တော့
ငါ့အသည်းနှလုံးကနင့်လှည့်စားမှုတွေအောက်မှာ
ကြွေကျမြေခပီးသားးးးးးးးးးးး
ဟားဟားဟားဟား
Saturday, February 25, 2012
[နောက်ဆုံးရင်ခွင်]
 [နောက်ဆုံးရင်ခွင်]
ငါ့အစား
 ပါးလျှတဲ့အငွေ့အသက်
နားဝမှာပွေ့ဖက်နိုင်စေ ….
 ငါ့အစား
 နွမ်းပါးတဲ့ပုံရိပ်
 နင့်အနား ချွေးသိပ်နိုင်စေ ….
 ငါ့အစား
 စကားမဟုတ်တဲ့သံစဉ်
မင်းရင်ကိုလွှမ်းခြုံနိုင်စေ ….
 ဘ၀တပါးမှာ
ခဏနားစရာရင်ခွင်အဖြစ်
 မင်းအပေါ်သက်ရောက်ခွင့်
 ကြုံဖြစ်ခဲ့ရင်ပေါ့လေ ….
မမျှော်တော့တဲ့သူအပေါ်
ထပ်ခေါ်ဖို့မတောင်းဆိုပေမယ့်
တည်မြဲတဲ့သစ္စာတရား
မင်းအနားကခွါမယ်မထင် ….။
(ချစ်သူအတွက်)
Tuesday, February 21, 2012
မနက်မိုးလင်းလို့ မှအိပ်ရာကထရသေးဝူး
ချစ်သူဆီကတေးသံသာလေးကြားရပီ
မောနင်းချစ်တဲ့ ..............
ဒီအပြောလေးနဲ့ ကိုယ်လေတနေ့တာကို
ပျော်ရွှင်စွာအဆင်ပြေစွာနဲ့ ဖြတ်သန်းနိုင်ခဲ့ ပါပီ။
သူသောက်နေတဲ့ ကော်ဖီလေး
ကိုယ့်ကိုတငုံတိုက်လို့ 
ချိုမြိန်လိုက်တာသူ့အချစ်တွေပါလို့ 
ကျေနပ်ကြည်နူးလိုက်ရတာ
ဘာကိုမှမတွေးချင်လောက်အောင်
ကမ္ဘာလောကကြီးတခုလုံးကိုမေ့သွားခဲ့ ပါတရ်။
...............
ထမင်းစားချိန်ရောက်ရင်အချိန်မှန်မှန်
ဖုန်းလေးဆက်လာပါတရ်။
ထမင်းစားပီးလားဆေးသောက်ပြီးပီလား
ဒီလိုစူပုပ်ပုပ်ခပ်တင်းတင်းလေးမေးတတ်တဲ့ 
ချစ်သူရဲ့ အသံလေးကိုချစ်တရ်။
ကွန်ပြူတာရှေ့ မှာဟိုလုပ်ဒီလုပ်နဲ့ 
အမြဲထမင်းမေ့ဟင်းမေ့နေတတ်တဲ့ ကိုယ့်အကျင့်စရိုက်
သူ့ ရဲ့ အညိုညင်မခံချင်လို့ ကမန်းကတန်းထစားပြီးဆေးသောက်ဖစ်ပြန်တရ်။
...............
နေ့လည်ဆို(မေ့မေ့ကိုယ်စား)
အတင်းအိပ်ခိုင်းတဲ့ ချစ်သူရဲ့ 
အမိန့်ပေးသံလေးကိုချစ်တရ်။
အလုပ်များတဲ့ ကြားကအလေးထားတတ်တဲ့ 
ချစ်သူရဲ့ အပြုအမူကို
ကိုယ်တကယ်ကျေနပ်တရ်။
.................
ညဘက်တွေဆိုအွန်လိုင်းမှာ
တွေ့ ရပြန်လည်းသူမဟုတ်ပြန်ဘူး
အချိန်မှန်မှန်ဖုန်းလေးဆက်လာတရ်။
စကားပြောရင်းအိပ်အိပ်ပျော်သွားတတ်တဲ့ ချစ်သူကိုချစ်တရ်။
သူအိပ်ပျော်သွားလို့ ဖုန်းလေးချလိုက်မိရင်
စိတ်ဆိုးစွာနဲ့ ဖုန်းပြန်ခေါ်ပီးရန်တွေ့ တတ်တဲ့ 
ချစ်သူကိုချစ်တရ်။
ချစ်သူရဲ့ အသက်ရှုသံလေးနားထောင်ရင်း
ညနက်နက်မှာအိပ်မပျော်တဲ့ ညများစွာ
တယောက်တည်းဖြတ်သန်းနေရတယ်ဆိုတာ
ချစ်သူသိမှသိပါလေစ။
Saturday, February 18, 2012
တကယ်လို့သာ
တကယ်လို့သာ
မင်းနဲ့ ငါမဆုံဖြစ်ကြဘူးဆိုရင်......
ငါဒီလောက်ခံစားရမှာမဟုတ်ဘူး။
တကယ်လို့ သာ
ချစ်တတ်တဲ့ နှလုံးသားတစုံ
ငါမပိုင်ဆိုင်ထားခဲ့ ရင်
ငါဒီလောက်ကြေကွဲရမှာမဟုတ်ဘူး။
တကယ်လို့ သာ
ခံစားချက်မဲ့ တဲ့ မင်းမျက်ဝန်းတွေကို
ငါဘာသာပြန်တတ်ခဲ့ ရင်
ငါဒီလောက်ငိုကြွေးရမှာမဟုတ်ဘူး။
တကယ်လို့ သာ
ဦးနှောက်ကချမှတ်ထားတဲ့ အမိန်တွေကို
နှလုံးသားကလိုက်နာတတ်ခဲ့ ရင်
ငါဒီလောက်လွမ်းဆွေးရမှာမဟုတ်ဘူး။
တကယ်လို့ သာ
ရက်စက်တဲ့ မင်းအပြုအမူတွေကို
ငါဥပေက္ခာပြုနိုင်ခဲ့ ရင်
ငါဒီလောက်ရှုံးနိမ့်မှာမဟုတ်ဘူး။
အခုတော့မျက်ရည်တွေအဖော်ပြု
လွမ်းဆွေးမှုတွေရင်မှာပိုက်
မျှော်လင့်ချက်တွေအသက်သွင်းရင်း
ဘ၀ဆုံးထိအရှုံးပေးကာ
ဆက်ချစ်သွားပရစေတော့နော်။
Friday, February 17, 2012
ချစ်သူနားလည်နိုင်ဖို့ 
အလုပ်တွေ တစ်ခါတလေ အရမ်းများတယ်... စိတ်ချမ်းသာ ကျေနပ်တတ်ဖို့ပဲလိုတယ်။
ဘဝက တစ်ခါတလေ အရမ်းပင်ပန်းတယ်..... ကျန်းမာပျော်ရွှင်ဖို့ပဲလိုတယ်။
အချိန်က တစ်ခါတလေ အရမ်းအကုန်မြန်တယ်.... တန်ဖိုးထားတတ်ဖို့ပဲလိုတယ်။
အချစ်က တစ်ခါတလေ ရယူရအရမ်းခက်ခဲတယ်.... ဖူးစာကံအတိုင်းထားတတ်ဖို့ပဲလိုတယ်။
နင်နဲ့ငါ အမြဲတမ်းတော့ မတွေ့နိုင်ဘူး..... သတိရ လွမ်းဆွတ်တတ်ဖို့ပဲလိုတယ်။
လမ်းခွဲခြင်း
တကယ်လို့ လမ်းခွဲခြင်း၊ ကွဲကွာခြင်းက အလှတစ်မျိုးဆိုရင်
အချစ်ကမ္ဘာမှာ ဝမ်းနည်းကြေကွဲခြင်းဆိုတာ ရှိလိမ့်မယ်မဟုတ်ဘူး
တကယ်လို့ စိတ်စိတ်ချင်း အပေးအယူမျှဖို့က မောပန်းခြင်းတစ်မျိုးဆိုရင်
အချစ်ကမ္ဘာမှာ နောင်တတွေနဲ့ပဲ ပြည့်နေတော့မယ်
တကယ်လို့ နစ်နစ်ကာကာချစ်တာက ဝဋ်ကြွေးတစ်မျိုးဆိုရင်
အချစ်ကမ္ဘာမှာ ဟန်ဆောင် အလိမ်ညာတွေနဲ့ပဲ ပြည့်နေတော့မယ်
အရင်တုန်းကတော့ အချစ်ရဲ့တခဏကို ထာဝရဖြစ်စေချင်ကြတယ်
အခုတော့ နာကျင်ခြင်းရဲ့ထာဝရကို တခဏဖြစ်စေချင်ကြတယ်
ထပ်တူခံစားရလို့ ပါ
တချို့ကိစ္စ .. ရှင်းရှင်းလင်းလင်း သိစရာမလိုဘူး။
တချို့အချစ် .. နစ်နစ်ကာကာချစ်ဖို့မလိုဘူး။
တချို့ခံစားချက် .. ပေါ်ပေါ်ထင်ထင် ထုတ်ပြစရာမလိုဘူး။
တချို့စွဲလမ်းမှု .. ပွင့်ပွင့်လင်းလင်း ဖော်ပြစရာမလိုဘူး။
ရှင်းရှင်းလင်းလင်းသိလေ ငါလဲပြိုရလေ
နစ်နစ်ကာကာချစ်လေ ငါကြေကွဲရလေ
ပေါ်ပေါ်ထင်ထင်ပြလေ ငါလှောင်ပြောင်ခံရလေ
ပွင့်ပွင့်လင်းလင်းပြလေ ငါနှုတ်ဆိတ်ရလေ
တချို့မျက်ရည် .. နင့်ကြောင့်ကျရတာ မထိုက်တန်ဘူး။
တချို့အပြုအမူ .. နင့်ကြောင့်ပြောင်းလဲရတာ မထိုက်တန်ဘူး။
တချို့ပစ္စည်း .. နင့်ကြောင့်ပစ်ထုတ်ရတာ မထိုက်တန်ဘူး။
တချို့စကား.. နင့်ကြောင့်ပြင်ရတာ မထိုက်တန်ဘူး။
နင့်အတွက်နဲ့ ကျတဲ့မျက်ရည် ငါ့ကိုမောပန်းစေခဲ့ပြီ
နင့်အတွက်နဲ့ ပြောင်းလဲတဲ့အပြုအမူ ငါ့ကိုနွမ်းလျစေခဲ့ပြီ
နင့်အတွက်နဲ့ ပစ်ထုတ်တဲ့ပစ္စည်း ငါ့ကိုနောင်တရစေခဲ့ပြီ
နင့်အတွက်နဲ့ ပြင်ရတဲ့စကား ငါ့ကိုငါပျောက်ဆုံးစေခဲ့ပြီ။
 Nine Nine Sanay @ နိုင်းနိုင်းစနေ's photo
Wednesday, February 15, 2012
16.2.2012 အသည်းကွဲနေ့ရက်များ
စိတ်ဆိုးရင် စိတ်ပြေအောင်ပြန်ချော့တာလက်ခံလို့ ရတရ်...
စိတ်ကုန်ရင် စိတ်မကုန်အောင်ပြန်ချော့တာလက်ခံလို့ ရတရ်....
စိတ်နာရင် စိတ်မနာအောင်ပြန်ချော့တာလက်ခံလို့ ရတရ်....
စိတ်ဒဏ်ရာရသွားခဲ့ ရင်............
အဲ့ ဒဏ်ရာကို ပြန်ကျက်သွားအောင်မင်းဆေးထည့်ပေးနေပေမဲ့ 
သွေးစိမ်းရှင်ရှင်ထွက်နေတာကို ပြန်တိတ်အောင်တော့
မင်းမလုပ်ပေးနိုင်တော့ပါဘူးကွာ။
တိတ်တိတ်လေးပါဘဲ
တကယ်တော့ချစ်တယ်ဆိုတာဒီရင်ထဲမှာဘဲဖြစ်တည်နေတရ်...
သူသိစရာမလိုဘူး
ဘယ်သူမှလည်းသိစရာမလိုဘူး
ဒီအချစ်တွေကကိုယ့်ရင်ထဲမှာဘဲငြိမ်းချမ်းစွာရှိနေမှာပါ
အခြေအနေတွေကိုသိနေတယ်
အဖြေတွေကိုသိနေတယ်
ဒါပေမဲ့ 
အပိုတွေမဆိုပါဘူးချစ်သူရယ်........
ကိုယ်တယောက်တည်းတိတ်တိတ်လေးကြေကွဲနေတရ်။
Monday, February 13, 2012
Happy Valentine's day
Valentines
Valentinesတဲ့
ကြင်သူအဝေး အလွမ်းတေးနဲ့
အနမ်းဝေလျှက် တမ်တမိကာ
အများကပျော် ငါကမျှော်လို့
ချစ်သူအနား  ရှိချင်လိုက်တာ..
ချောကလပ်တစ်တောင့် မင်းတစ်ယောက်ဖို့
ကြင်နာငွေ့သက် ရင်မှာပြည့်လျှက်
ခွံကျွေးခြင်သည်  ငါလွမ်းပီ..
တူယှဉ်တွဲကာ မြတ်ဘုရားမှာ
တောင်ဆုတွေချွေ ဆီမီးပန်လှူ
ဘ၀အတွက်ရည်စူး  ဆုတောင်းမှုလဲပြုချင်ပါရဲ့
သို့သော်..အဝေးက
Valentines Day လွမ်းငွေ့ပေးလို့
လွမ်းရိပ်သမ်းကာ  လွမ်းနေတာဖြင့်
ချစ်သူသိပါ့မလား
ငှက်ကလေးရေ
အထီးကျန်တယ်ဆိုတာခုမှခံစားဘူးတာမဟုတ်
ငါ့အတွက်တော့မထူးဆန်းလှပါဘူး
ဒီလိုဘဲ
ငါချစ်တဲ့ သူတွေငါ့ကိုခွဲသွားကြာတာပါဘဲ
တယောက်တည်းနေတတ်ခဲ့ တာကြာနေပြီဘဲ
မတုန်မလှုပ်ကျော်ဆစ်ရုပ်ပေါ့
ငှက်ကလေးရေ...........
နင်ခေတ္တနားခိုဖို့ အတွက်
ငါဆိုတဲ့ သစ်ပင်ကအိုမင်းနေပါပီလေ
လေဒဏ်မိုးဒဏ်ကိုငါကြံ့ ကြံ့ ခံနိုင်ပေမဲ့ 
ငှက်ကလေးရေ
နင်တော့အဝေးကိုသာပြေးပါကွယ်
နင့်အတွက်တော့ငါစိတ်ပူမိတရ်.
ချစ်မေမေသို့ 
မေမေ.......
မေမေ့ကိုအရမ်းလွမ်းတရ်ဒီမနက်.
အမြဲတမ်းဆူးလေးအိပ်ရာနိုးချိန်ကစောတတ်ပါတယ်မေမေရဲ့ ။
မနက်မိုးလင်းရင်ထတော့ဆူးလေးမိန်းခလေးဆိုတာနေမြင့်တဲ့ အထိမအိပ်ရဘူးလိမ်မာတယ်နော်မေမေ့သမီးကဆိုတဲ့ အသံလေးလွမ်းတယ်။
အိပ်ချင်မူးတူးထလာတဲ့ သမီးကိုသောက်ရေတခွက်အရင်ဆုံးတိုက်တတ်တဲ့ မေမေ့ကိုလွမ်းတယ်.
မေမေပြင်ပေးတဲ့ မနက်စာဆူးမစားရတာကြာလှပီမေမေရယ်
ဘယ်မှာလဲမေမေ့လက်ရာထမင်းကြော်ဘယ်မှာလဲမေမေနှပ်ပေးတဲ့ ကော်ဖီလေးဆူးမေမေ့ကိုလွမ်းတယ်။
မေမေနဲ့ အတူဘုရားဆွမ်းတော်ကပ်မယ်ရေတော်ပန်းတော်လဲမယ်မေမေ
ခုဆူးတယောက်ထဲရယ်ပါ။မေမေသင်ပေးခဲ့ သလိုတရက်မှမပျက်ခဲ့ ပါဘူးမေမေ။
ဆူးလေးဆေးသောက်ချိန်လို့ မနက်၈နာ၇ီတိုင်းသတိပေးတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
မနက်၁၀နာ၇ီ၁၁နာ၇ီဆိုရေအတင်းချိုးခိုင်းတဲ့ မေမေ့ကိုလွမ်းတယ်
ညနေရေချိုးရင်ဆူးလေးဖျားလိမ့်မယ်နော်လို့ ပြောတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
မနက်စာဖွယ်ဖွယ်ရာရာနဲ့ မေမေ့လက်ရာထမင်းဝိုင်းလေးကိုလွမ်းတယ်။
ဟင်းတခွက်၊အသုတ်တခွက်၊အရေသောက်တခွက်၊အကြော်တခွက်၊ငပိရည်ဒါမှမဟုတ်ငပိကြော်နဲ့ တို့ စရာ
လွမ်းတယ်မေမေ။ဆူးဘာသာလေခုတလောခေါက်ဆွဲပြုတ်နဲ့ ညားနေတာကြာပီမေမေရဲ့ ။
ကိုယ့်ဘာသာချက်တဲ့ ဟင်းကိုယ်ပြန်အားမပေးချင်လောက်အောင်ကို
ဆူးထမင်းစားမကောင်းတာကြာပြီမေမေရယ်။
ဆူးခုလေမေမေမကြိုက်တဲ့ ပန်းကန်ထဲဟင်းတွေပုံပြီးထမင်းစားပွဲမဟုတ်တဲ့ 
ကွန်ပြူတာရှေ့မှာစားတတ်နေပြီမေမေမဆူပါနဲ့ နော်။
ထမင်းစားပွဲမှာတယောက်တည်းဆူးမစားချင်တော့ဘူးမေမေ
မျက်ရည်ကျပြီးဒီအရသာမရှိတဲ့ ထမင်းအေးစက်စက်တွေဆူးမကြိုက်ဘူး။
နေ့လည်ဆိုတရေးအိပ်ခိုင်းတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
ငွေဘယ်လောက်ကုန်ကုန်ကွယ်ဆူးလေးသက်သာရင်ကျေနပ်တယ်ဆိုပြီး
ဆူးလေးခေါင်းကိုပုတ်ပြီးပြောတတ်တဲ့ မေမေ့အပြုံးမျက်နှာလေးလွမ်းတယ်။
နေ့လည်၂နာရီဆိုဆူးလေးခနဆေးသောက်လိုက်ပါဦးပြီးမှပြန်အိပ်နော်ဆိုတဲ့ အပြောချိုချိုလေး
ဆူးလေးလွမ်းတယ်မေမေ။
ညနေစောင်းရင်လမ်းလျှောက်ရအောင်ဆူးလေးရယ်
အိမ်ထဲဘဲမနေနဲ့ သမီးလေးလာဆိုပြီးလက်အတင်းဆွဲခေါ်တတ်တဲ့ မေမေ့ကိုလွမ်းတယ်။
ညဘက်တူတူကြည့်တဲ့ ကိုရီးယားကားထဲကမေမေကြိုက်တဲ့ဂျွန်စောရယ်
ဆူးလေးကြိုက်တဲ့ ထယ်စောက်ရယ်ဘယ်သူပိုချောလဲငြင်းချင်သေးတယ်မေမေရယ်။
ညနက်နက်နေတတ်တဲ့ ဆူးလေးကိုအတင်းချော့မော့အိပ်စေတဲ့ မေမေ့ကိုလွမ်းတယ်။
ညမအိပ်ခင်ဘုရားကန်တော့လေဆူးလေး
ဘုရားတရားနဲ့ ဝေးတာမေမေမကြိုက်ဘူးနော်ဆိုတဲ့ ဆူသံလေးလွမ်းတယ်။
ညအိပ်ရာဝင်ခါနီးတိုင်းနွားနို့ တခွက်ကိုဇွတ်တိုက်တတ်တဲ့ မေမေ့ကိုဆူးလေးလွမ်းတယ်။
ခုဆူးလေးအကျင့်ပျက်နေပီမေမေရဲ့ ဆူးမကြိုက်တဲ့ နွားနို့ လုံးဝကိုမသောက်ဘူး။
မေမေပြန်လာရင်မဆူပါနဲ့ နော်။
ညအိပ်နေချိန်စောင်မခြုံအိပ်တတ်တဲ့ ဆူးလေးကိုတရေးနိုးတိုင်းစောင်ခြုံပီးသားဖြစ်စေခဲ့ တဲ့ 
မေမေ့ကိုဆူးလေးလွမ်းတယ်။
ဆူးလေးအိပ်ရာထဲမှာဝတ္တုစာအုပ်တွေမတွေ့ ချင်ဘူးနော်။သတိထားနေဆိုတဲ့ မေမေ့ကိုလွမ်းတယ်။
မေမေ့ကိုလာလာမခွနဲ့ ဖက်လုံးကိုခွအိပ်ဆိုတဲ့ 
မေမေ့အသံလေးဆူးလေးလွမ်းတယ်။
ဆူးလေးဆီပြန်လာပါမေမေ။
ဖေ့ဖေ့နားဘဲမနေပါနဲ့ နော်။
မေမေချစ်တယ်ဆိုတဲ့ သမီးကမြန်မာပြည်မှာတယောက်တည်းရယ်ပါမေမေရယ်။
အသစ်တွေ့ နေသလားလို့ မမေးရဲဘူး...
အချစ်မေ့နေပလားလို့ မတွေးရဲဘူး.......
ချစ်သူမရှိတဲ့ ဘ၀....
အလွမ်းတွေကနေ့နဲ့ ည........
မပျော်ဘူးချစ်သူရယ်
ဆွေးနေတွေးနေငေးနေမိပါတရ်
နင်မသိပါဘူးချစ်သူ
ချစ်သူ
ငါအရမ်းလွမ်းနေတဲ့ အချိန်နင်ငါ့အနားမရှိခဲ့ ဘူးနော်
ဒီလိုပါဘဲ
ငါသတိရတမ်းတတတ်တဲ့ အချိန်တိုင်းနင့်ငါ့အနားရှိမနေပေးနိုင်ခဲ့ ဘူး
ငါဝေဒနာအရမ်းခံစားနေရတဲ့ အချိန်တွေမှာလည်းနင်ငါ့အနားမရှိခဲ့ ပါဘူးဟာ
နင်ပြောတဲ့ စကားလုံးအကြီးကြီးတွေကြားမှာ
ငါလေသေးသေးလေးဖြစ်ပြီးပျောက်ကွယ်သွားလိုက်ချင်ရဲ့ 
ဘာတဲ့ နင်ကငါ့ရဲ့ အနီးဆုံးမှာအမြဲရှိချင်တာတဲ့ 
ငါမလိမ်ပါဘူး
အချိန်တိုင်းသတိရမိနေတတ်တရ်
ငါ့ကိုသတိမရတတ်အောင်အတိတ်မေ့ဆေးလေးနင်တိုက်ထားပါလား
ဒါဆိုနင်နဲ့ ပတ်သတ်သမျှငါမေ့သွားမှာပါ
သတိရတယ်တမ်းတတယ်
နင်မသိပါဘူးချစ်သူ
နင်ကနင့်အလုပ်နင့်တာဝန်နင့်သူငယ်ချင်းနင့်ကိုယ်ရေးကိုယ်တာတွေကြားမှာ
အချိန်ပြည့်နှစ်မြှုပ်နေသူပါ
မနက်ကနင်စကားတခွန်းငါ့ကိုလွှတ်ကနဲပြောလိုက်တယ်နော်
နင်တာဝန်မကျေသေးဘူးတဲ့ 
နင်တာဝန်ယူရတဲ့ အပိုင်းမှာဘာမှလုပ်မပေးနိုင်ဘဲ
ငါ့ဆီကိုဖုန်းဆက်ငါနဲ့ တူတူနင်ပျော်နေခဲ့ တာတွေအတွက်
နင်နောင်တရနေသလိုဘဲနော်
ငါတဖြေးဖြေးနဲ့ နင့်အနားကနေ.....ဝေးဝေးမှာဘဲနေပေးပါ့မယ်ချစ်သူရယ်
ငါ့ရဲ့ တဇွတ်ထိုးနိုင်မှုအနိုင်ကျင့်မှုတွေကြားနင်တဖြေးဖြေးနဲ့ 
အနေကျဉ်းကျပ်လာရောပေါ့
ငါကိုကနင့်ကိုမတွေ့ ရရင်နင့်အသံလေးမှမကြားရရင်
မနေတတ်အောင်နင်ကပြုစားထားတာပါချစ်သူ
နင့်ချစ်တဲ့ နင့်ပတ်ဝန်းကျင်မှာငါပျော်အောင်နေပေမဲ့ 
ငါချစ်တဲ့ ငါ့ပတ်ဝန်းကျင်မှာနင်မပျော်ခဲ့ ဘူးနော်
ငါဝမ်းနည်းတယ် ငါကအမြဲတယောက်တည်းသမားပါ
အဖော်မင်တရ်
အထူးသဖြင့်ငါ့ကိုဂရုစိုက်တတ်တဲ့ နင့်ကိုတွယ်တာမိသွားတာ
ငါမမှားဘူးထင်ပါတယ် ဟုတ်တယ်ငါနင့်ကိုချစ်တယ်
ဒါပေမဲ့ နင့်ကိုတွေ့ရင်ရန်လုပ်ချင်တယ်
ငါနင့်ကိုအမြဲတမ်းဝေဒနာတွေပေးမိနေတရ်ဟာ
ငါစိတ်မကောင်းဘူး
ခုဆိုတဖြေးဖြေးနင်နဲ့ ငါဝေးသထက်ဝေးလာသလိုဘဲ
နင်ကနီးအောင်ကြိုးစားတရ်ပြောတရ်
ငါကဝေးလာသလိုဘဲခံစားမိတရ်
နင်ပြောတဲ့ ပိုက်ဆံပိုက်ဆံငါ့နားထဲအရမ်းခါးတရ်
နင်ဖြစ်ချင်တာနဲ့ ငါဖြစ်ချင်တာကလမ်းတော့လွဲတရ်
ငါကချစ်သူအနားမှာမရှိရင်ဝေဒနာပိုမေ့နိုင်သူ
နင်ကငါသက်သာဖို့ ဆေးကုပေးချင်သူ
အင်းနင်နဲ့ ငါလေစချစ်ကထဲကအမြဲတလွဲသိလား
အကြိုက်လည်းမတူစရိုက်လည်းမတူ
ဒါပေမဲ့ တို့ နှစ်ယောက်ကသည်းသည်းလှုပ်ချစ်နေသလိုဘဲနော်
မျက်စိအောက်ကပျောက်တာနဲ့ ဟိုလူ့မေးဒီလူ့မေးနဲ့ လေ
နင်မသိပါဘူးငါနင်သိအောင်လည်းဖွင့်မပြောပြတတ်ဘူး
ခုငါနင့်ကိုအရမ်းလွမ်းတရ်ဒါဘဲငါသိတယ်ဟာ။
အရမ်းလွမ်းနေမိတရ်
နင်ကငါ့ကိုချစ်သတဲ့ ။  :44
ကိုယ့်ကိုတော့စိတ်ကြီးဝင်...အဟုတ်ကြီးထင်....
သူချစ်တာဘဲငါချစ်တာမှမဟုတ်ဘဲ...
တနေ့တနေ့...တရွေ့ရွေ့နဲ့ တိုးလာတဲ့ သံယောဇဉ်တွေ..
သတိမထားမိခဲ့ ပါဘူး.....တခါတလေတော့အချစ်ကကစားပွဲလို..
နင်ကအရှုံးပေးနေပါတရ်ဆိုပြီး..မသိမသာနဲ့ ငါ့ရင်ထဲဝင်လာတာများနေပြီ။
ငါကျေနပ်နေမိတရ်
ငါမျှော်လင့်နေမိတရ်
နင်မသိခဲ့ ပါဘူး။
ငါ့ရင်ထဲကချစ်ခြင်းတရား
နင်ခံစားတတ်ခဲ့ ရဲ့ လား။
ငါ့ရင်ထဲကတွယ်တာခြင်းများ
နင်နားကောလည်ခဲ့ ရဲ့ လား။
ဖွင့်မပြောတတ်ခဲ့ တဲ့ ငါ့အကျင့်
အရွဲ့ တိုက်တတ်တဲ့ ငါ့စရိုက်တွေကြား
ငါ့နှလုံးသားကတိမ်မြုပ်နေခဲ့ ရတရ်...။
သိပ်ချစ်တယ်အရမ်းချစ်တယ်ခနခနနင်ပြောခဲ့ တရ်.....
ခုတော့နင်ရဲ့ သ၀န်တိုမှုတွေငါ့ရဲ့ မလိမ်မာမှုတွေကြားမှာငါတို့ နှစ်ယောက်ဟာ.........
နီးနီးလေးနဲ့ အဝေးကြီးဝေးရပီ။
နင်ပြောဘူးတဲ့ စကားလေးတခွန်းငါဘယ်တော့မှမမေ့ပါဘူး။
နင်ငါ့အတွက်မျက်ရည်မကျတတ်တော့ဘူးတဲ့ 
ရုတ်တရက်အမှတ်မထင်ဖြတ်ရိုက်ခံလိုက်၇သလို
ငါ့နှလုံးသားဖျားနာခဲ့ ရတရ်
နင်အရမ်းအေးစက်သွားတယ်နော်
ငါဟန်ဆောင်မကောင်းခဲ့ ပါဘူး ငါငိုမိတရ်။
ငါဝန်ခံပါတရ်နင့်ကိုလေငါချစ်တရ်.........
အရင်လိုမဟုတ်တော့တဲ့ အခြေအနေမျိုးနဲ့ 
နင်စိမ်းရက်ပေမဲ့ ငါမစိမ်းရက်ခဲ့ ပါဘူး။
နင်ပစ်ထားတဲ့ နေရာလေးမှာနေတတ်အောင်ကြိုးစားနေပေမဲ့ 
ငါနင့်ကိုလေ...
အရမ်းလွမ်းနေမိတရ်။
ချစ်တတ်သူများအတွက်
ချစ်တတ်သူများအတွက်ရည်ရွယ်ပါတယ်
သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကို  ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့  လျှိုဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲလေ့လာကြည့်ကြမယ်နော် ။
နားလည်မှုအချစ်
လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊
စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ် ။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။
အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာ
လိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။
ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက်
ကြောက်လန့် စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။
ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ ၊
အပြောအဆိုတွေကြောင့်  သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့
အဖြစ်မျိုးတွေ မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ 
နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့
ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။
မျက်မြင်ကိုယ်တွေ့ မှယုံပါ
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင်
ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။
ကြားစကားတွေနဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။
သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။
တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို
ကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကို
တွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းက
သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ
ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်း
ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။
ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းက
နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့  ပိတ်ပင်ထားပါ။
တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ
အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့ 
ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊
တိုက်ဆိုင်မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။
သင့်အတွက် နေ့ စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင်တိုက်ဆိုင်မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစ
စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်းတိုက်ဆိုင်ကြည့်ပါ ။
သင်ဟာသူ့ ကို တကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။
ဒါပြင်သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊အစားအစာ ၊
ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ။
အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။
တစ်ခါတစ်ရံ တစ်ဘက်သား မမျှော်လင့်တဲ့  နေရာမျိုးတွေဆီကနေ
အံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။
အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလို
လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာ ကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။
အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ ။
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင်
သင်တို့ နှစ်ယောက်ကြားက အချစ်တွေဘယ်တော့မှမပြယ်ပါစေနဲ့ ။
မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးပါတယ်တဲ့
သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ယူပေးပါ ။
ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲ
နှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင် နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ
ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ ဖန်တီးပြပါ ။
ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက်
အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ ရယူပါ ။
ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်
အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို
အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့ ဖန်တီးမှုလေးတစ်ခုပါ ။
လက်တွဲဖော်မှန်ပါစေ
သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။
သင်အတွက် ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား ။
အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက်
အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ် ။
လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်
ဆိုတာတော့မရှိပါဘူး ။
လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ဒါပေမဲ
့အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊
ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ် ။
ဆင်ခြေတွေကို အမြဲမပေးပါနဲ့  ။လက်ရှိအခြေအနေတွေကို ရိုးသားပါ ။
ကိုယ်ကလည်းအစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေ
ပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။
သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။
ဒါကိုလည်း သူသိအောင်လုပ်ပါ ။
သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ
ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။
…………………………………………………………………………………………………………….
မိုးကောင်းကင်မှာ ကြယ်မင်းသမီးလေးတွေ ၀န်းရံခတဲ့ လနတ်သမီးလေးရှိတယ် ။
သူ့ဘ၀က ငွေရောင်လွှမ်းခြုံဘက်ပေါင်းစုံ တင့်တယ်ခြင်း၊ ချမ်းမြခြင်း
သုခအပေါင်းခညောင်းနေတဲ့ လနတ်သမီးလေးပေါ့။
မိုးနတ်သားလေးကတော့ လျှပ်မီးလျှပ်ရောင်တပြောင်ပြောင်တလက်လက်နဲ့ ကြမ်းတမ်းလှတဲ့
ဘ၀ခရီးလမ်းမှာ တဂျိုးဂျိုး တဂျိမ်းဂျိမ်း မိုးခြိမ်းသံပေး ဘ၀အရေးအခင်းကို ဖြေရှင်းရင်ဆိုင်နေရတဲ့ ခယောင်းလမ်းက မိုးနတ်သားလေးပေါ့။
အဲဒီလို မညီမျှတဲ့ ဘ၀နှစ်ခု အခြေအနေမျိုးမှာ
လနတ်သမီးလေး က မိုးနတ်သားလေး ကို
ချစ်ပါတယ် ဆိုရင် ဒါ ယုံလား။ ဖြစ်နိုင်လား။
…………………………………………………………………………………………………………………………..
…………………………
> ကောင်မလေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူဆိုတာ …
> ၁)မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ. ..[?]
> (လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာမိုးပေးသူ…)
> ၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကိုပြေးစေသူ…
> (ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ       >သူ့ လက်တစ်စုံနဲ့ ကိုယ့်ကိုအင်အားတွေပေးစေသူ …)
> (လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ…)
> ၄)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ…
> (မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။…သို့ သော်လိုအပ်လာလျှင်
> သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ… Cry on my shoulder…လို့ ပြောတတ်သူ…)
> ၅)[?]Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ 
> ကောင်းတယ်လို့ ကိုယ့်ကိုကျေနပ်အောင်ပြောပေးတတ်သူ … [?]
> ၆)Romance moviesတွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့ 
> harry potter ကားမျိုးကို မပျင်းမရိလိုက်ကြည့်ပေးတတ်သူ …
> ၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည်
> လိုက်ရေတွက်တတ်သူ…[?] [?] [?]
> (တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ
>့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ
> စိတ်ဝင်စားဖို့ ကောင်းအောင် ပြောပြပေးတတ်သူ …)
> ၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ…[?]
> (သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ …)
>ဆိုးတာလေးကိုပဲချစ်တာဟု ပြုံးကာဖြေတတ်သူ…
> ၁၀)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ…
> (ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ …တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ …)
> [?]
>
> ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက …
>
> ၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို
> ဖန်ဆင်းပေးချင်သူ …
> (ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ …
> အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ…)[?]
>
> ၂)သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို
>့ ချစ်တာလဲလို့ မေးတတ်သူ …
>
> ၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာ
> ဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ …
>
> ၄)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို
>့ အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ …
>
> ၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ
> …(ဥပမာ-အစားအသောက်ကောင်းလေးများ၊
> ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ…)[?] [?] [?]
>
> ၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ
> …သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ …
>
> ၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ …အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့ 
> ရဲဝင့်စွာကြွေးကြော်တတ်သူ …
> ၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
> (သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ…)
> ၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက်
> လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ …
> (အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)[?]
> ၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ…
> ( နင့်ကြောင့် ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ
> ကြံဖန်ဂုဏ်ယူပေးတတ်သူ …)
> အဲ့လိုချစ်သူမျိုးတွေ သူငယ်ချင်းတို့ မှာရှိပြီလား …
ရှိကောရှိခင်ကြလားဟင်
> ရှိလာကြရင်ကော … တချို့ ကတော့ လိုအပ်ချင်မှ လိုအပ်မယ်
> …လူတစ်ကိုယ်အကြိုက်တစ်မျိုးစီပေါ့ဗျာ .
……………………………………………………………………………………………………………………..
အချစ်ဆိုတာ အစမှာချိုမြိန်တယ်
ဘေးနားမှာ သူရှိနေမယ် သင့်အတွက်ဝေမျှပေးမဲ့သူရှိမယ်
သင်အထီးမကျန်တော့ဘူး သူသင့်ကို သတိရနေမယ် လွမ်းနေမယ်
ဘာပဲလုပ်လုပ် အတူတူရှိနေရင် အားလုံးဟာ ပျော်စရာတွေပဲ
ဒါပေမဲ့ ရင်းနှီးလာလေ တစ်ဘက်သူရဲ့အားနည်းချက်တွေကို မြင်လာမယ်
သင်စိတ်ရှုပ်လာမယ် သင်လက်မခံနိုင်တဲ့အထိဖြစ်လာမယ် တစ်ယောက်ယောက်နဲ့ သင်
နှိုင်းယှဉ်နေမယ်
သင်နဲ့ သူနဲ့ လိုက်ဖက်တယ်မလိုက်ဖက်ဘူးဆိုတာကို သင်သိလား။
အချစ်ဆိုတာ ကျောက်ခဲတစ်လုံး ကောက်ရသလိုပေါ့.. ကျောက်ခဲပေါင်းများစွာထဲမှ
ရွေးကောက်နေတာ။
မကြိုက်လို့ဆိုပြီး ဒီကျောက်ခဲကိုပစ် နောက်ကျောက်ခဲကို ကောက်လိုက်နဲ့
ဆိုရင် ဘယ်ပြီးတော့မလဲ။
ကိုယ်ကောက်လို့ရထားတဲ့ ကျောက်ခဲကိုပဲ အမြတ်တနိုးနဲ့ ထားရင် ကျောက်ခဲက
အဖိုးတန်တဲ့ ကျောက်မျက်ဖြစ်နေမယ်။
ကြာရင် ပျင်းလာတယ် ငြီးငွေ့လာတယ် လို့ သင်တို့ ထင်ကြမယ်..
မှားတယ်..
ဒါဟာ ဥပမာတစ်ခုနဲ့ပြောပြချင်တယ်
စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေတဲ့
လူလတ်ပိုင်းယောင်္ကျားလေးတစ်စုရဲ့ စကားသံ
“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ငါ့မိန်းမ ကို ငါလိုက်တုန်းက သူက
ပုဇွန်စားချင်တယ်ပြောတာ ငါ ၁၀ကောင်အခွံခွါပေးတယ်၊ ခုဆိုရင်
သူခွါခိုင်းရင် ခွါပေးဖို့နေနေသာသာ….”
ဒါကို သူကြွားစရာလို့များ ထင်နေလားမသိဘူးနော်…
သူ့ရဲ့အိမ်ထောင်ရေးဘယ်လောက်ကျရှုံးနေတယ်ဆိုတာကြေငြာနေတလိုပါပဲ……
နောက်တစ်ခုပြောချင်သေးတယ်
ကောင်မလေးကို ချစ်စခင်စကြင်နာစတုန်းကတော့ ရုံးလာကြိုလိုက် ဖုန်းဆက်ပြီး
စားပြီးပြီလားမေးလိုက်နဲ့ အလုပ်ကိုရှုပ်နေတာ လင်မယားလဲဖြစ်ရော
ဈေးခြင်းတောင်းကို ဗိုက်တစ်လုံးနဲ့ သယ်နေတာကို သိရက်နဲ့
မမြင်ချင်ယောက်ဆောင်တယ်။
အသက် ၇၀ ရှိတဲ့ လင်မယားဟာ ခုချိန်ထိ ဘုရားကျောင်းတက်ပြီး
သူတို့ရဲ့မင်္ဂလာပွဲကို ခုထိ ကျင်းပနေရတာကော ဘာကြောင့်ပါလဲ….
ရွှေရတုတွေဘာတွေမဟုတ်ပဲ မင်္ဂလာပွဲတစ်ခုကို အမြဲလိုလို ကျင်းပနေကြတယ်။
သူတို့ကို အားမကျဘူးလား…..
လူတွေက ရယူပိုင်ဆိုင်ပြီးရင် အလေးမထားကြဘူး
လက်ထက်ခြင်းက လူတွေကို ပျင်းရိစေတယ် မပြောချင်ဘူး၊ မနားထောင်ချင်ဘူး၊
တစ်ယောက်အတွက်တစ်ယောက်က အံ့သြအောင် ပျော်ရွှင်အောင်မလုပ်ပေးတော့ဘူး။
လင်မယားမဖြစ်ခင်ထိတော့ ဘယ်လိုပြောရင်ကောင်းမလဲ။ ဘာလုပ်ပေးရင်ကောင်းမလဲနဲ့။
အမှန်တော့ ရည်းစားနဲ့ လင်မယားကအတူတူပါပဲ။ ပိုခိုင်မြဲအောင်
တလောကလုံးသိအောင် ကြေငြာထားတာပါ။
အမြဲချစ်နေကြဖို့ မပျင်းဖို့ပဲလိုတယ်။ သူ့အတွက်နဲ့ အမြဲနိုးကြားနေရမယ်။
နောက်ဥပမာတစ်ခုက…ချစ်သူရည်းစား ချိန်းပြီး ညနေစာစားဖို့ ကောင်မလေးကို
ကောင်လေးစောင့်နေတာ မိနစ်၃၀ကြာပြီ။ ကောင်မလေးက မထင်မှတ်တဲ့
ရုံးအလုပ်ပေါ်လာတာနဲ့ မိုးရွာတာနဲ့ဆိုတော့ နောက်ကျသွားတယ်။
ဒါကို ကောင်လေးက “အမြဲနောက်ကျနေတာပဲ ဒီလိုစောင့်နေရတာ
ငါစားချင်စိတ်တောင်မရှိတော့ဘူး။ ”လို့ပြောတော့ ကောင်မလေး ရင်ထဲမှာ
အမောဆို့သွားတဲ့အပြင် ဒီအချစ်ခရီးလမ်းကို လျှောက်ဖို့
သူ့မှာအင်အားမရှိတော့ဘူး။
ဒီနေရာမှာ မိုးရွာထဲရောက်အောင်လာတဲ့ ကောင်မလေးကို “အလုပ်များနေလို့လား
အဆင်ပြေသွားပြီလား”ဆိုပြီး မိုးစက်လေးတွေကို
သုတ်ပေးရင်……ဘယ်လောက်ကောင်းမလဲ ကွယ်။
နားလည်ပေးပါ……….
အချစ်ရဲ့လှပမှုဆိုတာ သင့်ပေါ်မှာမှုတည်တယ်…
တစ်ယောက်နဲ့တစ်ယောက်ရဲ့အချစ်တွေ ကမတူဘူး။ ချစ်ပုံတွေကွဲကြတယ်။
တစ်ယောက်ယောက်ကိုချစ်ရင် သူ့ကိုနားလည်ရမယ်။
တောင်းပန်ရမယ်။ ကျေးဇူးတင်ရမယ်။
အမှားသိပြီး ပြင်တတ်ရမယ်။ယုယရမယ်။
လက်ခံရမယ် သည်းခံခိုင်းတာမဟုတ်ဘူး။
ခွင့်လွတ်ရမယ် အလိုလိုက်ခိုင်းတာမဟုတ်။
အားပေးရမယ် မြောက်ပင့်ခိုင်းတာမဟုတ်။
မေးဖော်ရရမယ် စစ်ဆေးမေးမြန်းခိုင်းတာမဟုတ်။
ရင်ဖွင့်ရမယ် ပေါက်ကွဲခိုင်းတာမဟုတ်။
မေ့မရနိုင်တာလေးတွေဖန်တီးရမယ် နောင်တရခိုင်းတာမဟုတ်။
အချင်းချင်းဖလှယ်နေရမယ် အရာအားလုံးကို သင်ကသိနေရမှာမဟုတ်။
သူ့အတွက်ဆုတောင်းပေးနေရမယ် သူ့ကိုပူလောင်မှုတွေ မဖြစ်နိုင်တာတွေလုပ်ခိုင်းတာမဟု တ်။
သာယာကြည်နူးရမယ် ငွေဖြုန်းခိုင်းတာမဟုတ်။
အချိန်မရွေး လက်တွဲလို့ရတယ် ဒါပေမဲ့ ဒီတွဲလက်ကို အချိန်မရွေး
လွတ်လို့ရတာမဟုတ်………………..
လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင်
အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။
အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။
လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။
လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။
အကောင်းဆုံးကိုရဖို့မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။
ခံစားချက်
လထွက်မှညနက်တာသိခဲ့ ရသလို
နောက်ကျောကိုဓားနဲ့ ထိုးမှနာရကောင်းမှန်းသိခဲ့ ရတယ်
နင်ချစ်တာငါ့ကိုငါတော့အထာကြီးလိုဆရာကြီးလို
ပျော်နေတုန်းဗြုန်းဆို
နင်ထားခဲ့ မှ
ငါကကျန်ရစ်သူကြီးဖြစ်မှန်းသိလိုက်ရတယ်
ငါတောတော်အသေးတာဘဲနော်..
နှလုံးသားမင်းရှိရာ
နှလုံးသားမင်းရှိရာ
အချစ်ဆိုတာအသစ်မလာခင်အထိဘဲရူးသွပ်တာပါ
အသစ်လာတော့လည်းမင်းကဘာမို့ လဲတဲ့ 
ဆော၇ီးကွယ်
ငါကအပြောင်းအလဲမများတတ်ဘူး
တယောက်ဆိုတယောက်သာချစ်တတ်သူပါ
ဒါပေမဲ့ 
နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေလေရဲ့ 
တယောက်ကိုသိပ်ချစ်မိတော့လည်းး
ထားခဲ့ ခံလိုက်ရတာဘဲ
နောက်တယောက်ကိုအကြာကြီးမချစ်မိအောင်
ကြိုးစားနေခဲ့ ပါတယ်
သူ့ရဲ့ အကြင်နာတွေသူ့ရဲ့ မေတ္တာတွေ
နားလည်လာတော့
ကိုယ်ရဲ့ အချစ်တွေကိုပုံဖော်မိလာတော့
သူကထားသွားခဲ့ ပြန်တယ်..
တော်ပြီလေ
အချစ်အချစ်နဲ့ ယောက်ကျားတွေပါးစပ်ဖျားကထွက်ကျလာတဲ့ အချစ်က
တခဏတာလို့ သိလိုက်ရတော့
နှလုံးသားကပါသွားခဲ့ ပီလေ
သူ့ဆီကနေအလည်တခေါက်တောင်ပြန်မလာတော့ပါဘူး။
အသည်းအက်သံ
စိတ်လည်းကြမ်းပီ
လူလည်းနွမ်းပီ
အကျိုးအမြတ်ကိုမကြည့်
အချစ်ဆိုတာမသိခဲ့ လေတော့
တယောက်ထဲကိုမှသစ္စာထား
မျက်ရည်တွေမြေမှာခရင်းး
ချစ်သူ
မင်းကိုမှရူးရူးမူးမူးစွဲလန်းခဲ့ မိလို့ 
အသည်းဆိုတာတွေလည်းကြေမွပျက်ဆီးခဲ့ ရပါပီ။
<10/2/2011>