လာရောက်လည်ပတ်သူအပေါင်းပျော်ရွှင်ကြပါစေ

Friday, February 17, 2012

ထပ်တူခံစားရလို့ ပါ

တချို့ကိစ္စ .. ရှင်းရှင်းလင်းလင်း သိစရာမလိုဘူး။
တချို့အချစ် .. နစ်နစ်ကာကာချစ်ဖို့မလိုဘူး။
တချို့ခံစားချက် .. ပေါ်ပေါ်ထင်ထင် ထုတ်ပြစရာမလိုဘူး။
တချို့စွဲလမ်းမှု .. ပွင့်ပွင့်လင်းလင်း ဖော်ပြစရာမလိုဘူး။

ရှင်းရှင်းလင်းလင်းသိလေ ငါလဲပြိုရလေ
နစ်နစ်ကာကာချစ်လေ ငါကြေကွဲရလေ
ပေါ်ပေါ်ထင်ထင်ပြလေ ငါလှောင်ပြောင်ခံရလေ
ပွင့်ပွင့်လင်းလင်းပြလေ ငါနှုတ်ဆိတ်ရလေ

တချို့မျက်ရည် .. နင့်ကြောင့်ကျရတာ မထိုက်တန်ဘူး။
တချို့အပြုအမူ .. နင့်ကြောင့်ပြောင်းလဲရတာ မထိုက်တန်ဘူး။
တချို့ပစ္စည်း .. နင့်ကြောင့်ပစ်ထုတ်ရတာ မထိုက်တန်ဘူး။
တချို့စကား.. နင့်ကြောင့်ပြင်ရတာ မထိုက်တန်ဘူး။

နင့်အတွက်နဲ့ ကျတဲ့မျက်ရည် ငါ့ကိုမောပန်းစေခဲ့ပြီ
နင့်အတွက်နဲ့ ပြောင်းလဲတဲ့အပြုအမူ ငါ့ကိုနွမ်းလျစေခဲ့ပြီ
နင့်အတွက်နဲ့ ပစ်ထုတ်တဲ့ပစ္စည်း ငါ့ကိုနောင်တရစေခဲ့ပြီ
နင့်အတွက်နဲ့ ပြင်ရတဲ့စကား ငါ့ကိုငါပျောက်ဆုံးစေခဲ့ပြီ။


 Nine Nine Sanay @ နိုင်းနိုင်းစနေ's photo

No comments:

Post a Comment