လာရောက်လည်ပတ်သူအပေါင်းပျော်ရွှင်ကြပါစေ

Saturday, February 18, 2012

တကယ်လို့သာ

တကယ်လို့သာ

မင်းနဲ့ ငါမဆုံဖြစ်ကြဘူးဆိုရင်......

ငါဒီလောက်ခံစားရမှာမဟုတ်ဘူး။

တကယ်လို့ သာ

ချစ်တတ်တဲ့ နှလုံးသားတစုံ

ငါမပိုင်ဆိုင်ထားခဲ့ ရင်

ငါဒီလောက်ကြေကွဲရမှာမဟုတ်ဘူး။

တကယ်လို့ သာ

ခံစားချက်မဲ့ တဲ့ မင်းမျက်ဝန်းတွေကို

ငါဘာသာပြန်တတ်ခဲ့ ရင်

ငါဒီလောက်ငိုကြွေးရမှာမဟုတ်ဘူး။

တကယ်လို့ သာ

ဦးနှောက်ကချမှတ်ထားတဲ့ အမိန်တွေကို

နှလုံးသားကလိုက်နာတတ်ခဲ့ ရင်

ငါဒီလောက်လွမ်းဆွေးရမှာမဟုတ်ဘူး။

တကယ်လို့ သာ

ရက်စက်တဲ့ မင်းအပြုအမူတွေကို

ငါဥပေက္ခာပြုနိုင်ခဲ့ ရင်

ငါဒီလောက်ရှုံးနိမ့်မှာမဟုတ်ဘူး။

အခုတော့မျက်ရည်တွေအဖော်ပြု

လွမ်းဆွေးမှုတွေရင်မှာပိုက်

မျှော်လင့်ချက်တွေအသက်သွင်းရင်း

ဘ၀ဆုံးထိအရှုံးပေးကာ

ဆက်ချစ်သွားပရစေတော့နော်။

No comments:

Post a Comment