လာရောက်လည်ပတ်သူအပေါင်းပျော်ရွှင်ကြပါစေ

Tuesday, February 21, 2012

မနက်မိုးလင်းလို့ မှအိပ်ရာကထရသေးဝူး
ချစ်သူဆီကတေးသံသာလေးကြားရပီ
မောနင်းချစ်တဲ့ ..............
ဒီအပြောလေးနဲ့ ကိုယ်လေတနေ့တာကို
ပျော်ရွှင်စွာအဆင်ပြေစွာနဲ့ ဖြတ်သန်းနိုင်ခဲ့ ပါပီ။
သူသောက်နေတဲ့ ကော်ဖီလေး
ကိုယ့်ကိုတငုံတိုက်လို့ 
ချိုမြိန်လိုက်တာသူ့အချစ်တွေပါလို့ 
ကျေနပ်ကြည်နူးလိုက်ရတာ
ဘာကိုမှမတွေးချင်လောက်အောင်
ကမ္ဘာလောကကြီးတခုလုံးကိုမေ့သွားခဲ့ ပါတရ်။
...............
ထမင်းစားချိန်ရောက်ရင်အချိန်မှန်မှန်
ဖုန်းလေးဆက်လာပါတရ်။
ထမင်းစားပီးလားဆေးသောက်ပြီးပီလား
ဒီလိုစူပုပ်ပုပ်ခပ်တင်းတင်းလေးမေးတတ်တဲ့ 
ချစ်သူရဲ့ အသံလေးကိုချစ်တရ်။
ကွန်ပြူတာရှေ့ မှာဟိုလုပ်ဒီလုပ်နဲ့ 
အမြဲထမင်းမေ့ဟင်းမေ့နေတတ်တဲ့ ကိုယ့်အကျင့်စရိုက်
သူ့ ရဲ့ အညိုညင်မခံချင်လို့ ကမန်းကတန်းထစားပြီးဆေးသောက်ဖစ်ပြန်တရ်။
...............
နေ့လည်ဆို(မေ့မေ့ကိုယ်စား)
အတင်းအိပ်ခိုင်းတဲ့ ချစ်သူရဲ့ 
အမိန့်ပေးသံလေးကိုချစ်တရ်။
အလုပ်များတဲ့ ကြားကအလေးထားတတ်တဲ့ 
ချစ်သူရဲ့ အပြုအမူကို
ကိုယ်တကယ်ကျေနပ်တရ်။
.................
ညဘက်တွေဆိုအွန်လိုင်းမှာ
တွေ့ ရပြန်လည်းသူမဟုတ်ပြန်ဘူး
အချိန်မှန်မှန်ဖုန်းလေးဆက်လာတရ်။
စကားပြောရင်းအိပ်အိပ်ပျော်သွားတတ်တဲ့ ချစ်သူကိုချစ်တရ်။
သူအိပ်ပျော်သွားလို့ ဖုန်းလေးချလိုက်မိရင်
စိတ်ဆိုးစွာနဲ့ ဖုန်းပြန်ခေါ်ပီးရန်တွေ့ တတ်တဲ့ 
ချစ်သူကိုချစ်တရ်။
ချစ်သူရဲ့ အသက်ရှုသံလေးနားထောင်ရင်း
ညနက်နက်မှာအိပ်မပျော်တဲ့ ညများစွာ
တယောက်တည်းဖြတ်သန်းနေရတယ်ဆိုတာ
ချစ်သူသိမှသိပါလေစ။

No comments:

Post a Comment