လာရောက်လည်ပတ်သူအပေါင်းပျော်ရွှင်ကြပါစေ

Monday, February 13, 2012

ချစ်မေမေသို့ 

မေမေ.......
မေမေ့ကိုအရမ်းလွမ်းတရ်ဒီမနက်.
အမြဲတမ်းဆူးလေးအိပ်ရာနိုးချိန်ကစောတတ်ပါတယ်မေမေရဲ့ ။
မနက်မိုးလင်းရင်ထတော့ဆူးလေးမိန်းခလေးဆိုတာနေမြင့်တဲ့ အထိမအိပ်ရဘူးလိမ်မာတယ်နော်မေမေ့သမီးကဆိုတဲ့ အသံလေးလွမ်းတယ်။
အိပ်ချင်မူးတူးထလာတဲ့ သမီးကိုသောက်ရေတခွက်အရင်ဆုံးတိုက်တတ်တဲ့ မေမေ့ကိုလွမ်းတယ်.
မေမေပြင်ပေးတဲ့ မနက်စာဆူးမစားရတာကြာလှပီမေမေရယ်
ဘယ်မှာလဲမေမေ့လက်ရာထမင်းကြော်ဘယ်မှာလဲမေမေနှပ်ပေးတဲ့ ကော်ဖီလေးဆူးမေမေ့ကိုလွမ်းတယ်။
မေမေနဲ့ အတူဘုရားဆွမ်းတော်ကပ်မယ်ရေတော်ပန်းတော်လဲမယ်မေမေ
ခုဆူးတယောက်ထဲရယ်ပါ။မေမေသင်ပေးခဲ့ သလိုတရက်မှမပျက်ခဲ့ ပါဘူးမေမေ။
ဆူးလေးဆေးသောက်ချိန်လို့ မနက်၈နာ၇ီတိုင်းသတိပေးတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
မနက်၁၀နာ၇ီ၁၁နာ၇ီဆိုရေအတင်းချိုးခိုင်းတဲ့ မေမေ့ကိုလွမ်းတယ်
ညနေရေချိုးရင်ဆူးလေးဖျားလိမ့်မယ်နော်လို့ ပြောတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
မနက်စာဖွယ်ဖွယ်ရာရာနဲ့ မေမေ့လက်ရာထမင်းဝိုင်းလေးကိုလွမ်းတယ်။
ဟင်းတခွက်၊အသုတ်တခွက်၊အရေသောက်တခွက်၊အကြော်တခွက်၊ငပိရည်ဒါမှမဟုတ်ငပိကြော်နဲ့ တို့ စရာ
လွမ်းတယ်မေမေ။ဆူးဘာသာလေခုတလောခေါက်ဆွဲပြုတ်နဲ့ ညားနေတာကြာပီမေမေရဲ့ ။
ကိုယ့်ဘာသာချက်တဲ့ ဟင်းကိုယ်ပြန်အားမပေးချင်လောက်အောင်ကို
ဆူးထမင်းစားမကောင်းတာကြာပြီမေမေရယ်။
ဆူးခုလေမေမေမကြိုက်တဲ့ ပန်းကန်ထဲဟင်းတွေပုံပြီးထမင်းစားပွဲမဟုတ်တဲ့ 
ကွန်ပြူတာရှေ့မှာစားတတ်နေပြီမေမေမဆူပါနဲ့ နော်။
ထမင်းစားပွဲမှာတယောက်တည်းဆူးမစားချင်တော့ဘူးမေမေ
မျက်ရည်ကျပြီးဒီအရသာမရှိတဲ့ ထမင်းအေးစက်စက်တွေဆူးမကြိုက်ဘူး။
နေ့လည်ဆိုတရေးအိပ်ခိုင်းတတ်တဲ့ မေမေ့ကိုလွမ်းတယ်။
ငွေဘယ်လောက်ကုန်ကုန်ကွယ်ဆူးလေးသက်သာရင်ကျေနပ်တယ်ဆိုပြီး
ဆူးလေးခေါင်းကိုပုတ်ပြီးပြောတတ်တဲ့ မေမေ့အပြုံးမျက်နှာလေးလွမ်းတယ်။
နေ့လည်၂နာရီဆိုဆူးလေးခနဆေးသောက်လိုက်ပါဦးပြီးမှပြန်အိပ်နော်ဆိုတဲ့ အပြောချိုချိုလေး
ဆူးလေးလွမ်းတယ်မေမေ။
ညနေစောင်းရင်လမ်းလျှောက်ရအောင်ဆူးလေးရယ်
အိမ်ထဲဘဲမနေနဲ့ သမီးလေးလာဆိုပြီးလက်အတင်းဆွဲခေါ်တတ်တဲ့ မေမေ့ကိုလွမ်းတယ်။
ညဘက်တူတူကြည့်တဲ့ ကိုရီးယားကားထဲကမေမေကြိုက်တဲ့ဂျွန်စောရယ်
ဆူးလေးကြိုက်တဲ့ ထယ်စောက်ရယ်ဘယ်သူပိုချောလဲငြင်းချင်သေးတယ်မေမေရယ်။
ညနက်နက်နေတတ်တဲ့ ဆူးလေးကိုအတင်းချော့မော့အိပ်စေတဲ့ မေမေ့ကိုလွမ်းတယ်။
ညမအိပ်ခင်ဘုရားကန်တော့လေဆူးလေး
ဘုရားတရားနဲ့ ဝေးတာမေမေမကြိုက်ဘူးနော်ဆိုတဲ့ ဆူသံလေးလွမ်းတယ်။
ညအိပ်ရာဝင်ခါနီးတိုင်းနွားနို့ တခွက်ကိုဇွတ်တိုက်တတ်တဲ့ မေမေ့ကိုဆူးလေးလွမ်းတယ်။
ခုဆူးလေးအကျင့်ပျက်နေပီမေမေရဲ့ ဆူးမကြိုက်တဲ့ နွားနို့ လုံးဝကိုမသောက်ဘူး။
မေမေပြန်လာရင်မဆူပါနဲ့ နော်။
ညအိပ်နေချိန်စောင်မခြုံအိပ်တတ်တဲ့ ဆူးလေးကိုတရေးနိုးတိုင်းစောင်ခြုံပီးသားဖြစ်စေခဲ့ တဲ့ 
မေမေ့ကိုဆူးလေးလွမ်းတယ်။
ဆူးလေးအိပ်ရာထဲမှာဝတ္တုစာအုပ်တွေမတွေ့ ချင်ဘူးနော်။သတိထားနေဆိုတဲ့ မေမေ့ကိုလွမ်းတယ်။
မေမေ့ကိုလာလာမခွနဲ့ ဖက်လုံးကိုခွအိပ်ဆိုတဲ့ 
မေမေ့အသံလေးဆူးလေးလွမ်းတယ်။
ဆူးလေးဆီပြန်လာပါမေမေ။
ဖေ့ဖေ့နားဘဲမနေပါနဲ့ နော်။
မေမေချစ်တယ်ဆိုတဲ့ သမီးကမြန်မာပြည်မှာတယောက်တည်းရယ်ပါမေမေရယ်။

No comments:

Post a Comment