လာရောက်လည်ပတ်သူအပေါင်းပျော်ရွှင်ကြပါစေ

Saturday, February 25, 2012

[နောက်ဆုံးရင်ခွင်]

 [နောက်ဆုံးရင်ခွင်]
ငါ့အစား
 ပါးလျှတဲ့အငွေ့အသက်
နားဝမှာပွေ့ဖက်နိုင်စေ ….
 ငါ့အစား
 နွမ်းပါးတဲ့ပုံရိပ်
 နင့်အနား ချွေးသိပ်နိုင်စေ ….
 ငါ့အစား
 စကားမဟုတ်တဲ့သံစဉ်
မင်းရင်ကိုလွှမ်းခြုံနိုင်စေ ….
 ဘ၀တပါးမှာ
ခဏနားစရာရင်ခွင်အဖြစ်
 မင်းအပေါ်သက်ရောက်ခွင့်
 ကြုံဖြစ်ခဲ့ရင်ပေါ့လေ ….
မမျှော်တော့တဲ့သူအပေါ်
ထပ်ခေါ်ဖို့မတောင်းဆိုပေမယ့်
တည်မြဲတဲ့သစ္စာတရား
မင်းအနားကခွါမယ်မထင် ….။
(ချစ်သူအတွက်)

No comments:

Post a Comment